၂၀၂၄ ဩဂုတ်လ ၁၃ရက်
One Championshipနှင့်တစ်နှစ်စာချုပ် ချုပ်ဆိုထားတဲ့ မြန်မာဖိုက်တာ စိုးလင်းဉီးဟာ စက်တင်ဘာ၂၇ရက်နေ့မှာ ထိုင်း+အယ်ဂျီးရီးယားဖိုက်တာ နာဘီလ်နဲ့ယှဉ်ပြိုင်ထိုးသ-တ်သွားရမှာဖြစ်တယ် လို့One Championshipကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။
မြန်မာဖိုက်တာ စိုးလင်းဉီးဟာအရပ်၅ပေ ၇လက်မ ရှိကာသုံးပွဲယှဉ်ပြိုင်ပြီးသုံးပွဲလုံးအနိုင်ရရှိထားသူဖြစ်သလိုနာဘီလ်ကလည်းအရပ်၆ပေ ၃လက်မရှိပြီးငါးပွဲယှဉ်ပြိုင်ကစားထားရာမှာလေးပွဲနိုင် တစ်ပွဲသာရှုံးထားသူဖြစ်ပါတယ်။
မြန်မာဖိုက်တာစိုးလင်းဉီးရဲ့ပွဲစဉ်ကိုစက်တင်ဘာ၂၇၊သောကြာနေ့မှာပြုလုပ်မဲ့ one Friday fightမှာထည့်သွင်းထားပါတယ်။