————————
သံဖြူဇရပ်၊ ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်မှာ နိုဝင်ဘာ ၃၀ ရက်၊ ညပိုင်းက မသင်္ကာဖွယ်ရာ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးကို လုံခြုံရေးတပ်ဖွဲမှ စစ်ဆေးရှာဖွေခဲ့ရာကနေ သူ့ဆီက ပစ္စတိုသေနတ်နဲ့ ကျည်ဆံတချိုကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။
ဖမ်းဆီးရမိတဲ့ အမျိုးသားဟာ သံဖြူဇရပ်မြို့မှာနေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ်ရှိသူ ဦးမြသန်းဖြစ်ပြီး ဝယ်သွန်ချောင်ရွာဘက်ကနေ အောင်ဇေယျတိုးချဲ့ရပ်ကွက် ကားလမ်းဘက်ဆီကို ဆိုင်ကယ်မောင်းနှင်လာချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးပြီး ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။
ရှာဖွေစစ်ဆေးတဲ့အချိန်မှာ ဦးမြသန်း လွယ်ယူလာတဲ့ JEEP တံဆိပ် အညိုရောင် ဘေးလွယ်အိတ်ထဲက ZORAKI M-906-TDအမျိုး အစား၊ ငွေ/နက်ရောင် ပစ္စတိုသေနတ် တစ်လက်နနဲ့အတူ 380 ACP FMJ ကျည် ၃၉ တောင့်၊ ကျည်အိမ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။