မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဝယ်ကလီကျေးရွာဆီက ကျောက်ခွဲစက်အနားမှာ ဒီနေ့ မတ်လ ၁၃ ရက် မနက် ၇ နာရီခွဲ အချိန်လောက်က ကလေးကိုချီပြီး လမ်းဖြတ်ကူးချိန်မှာ ထင်းကားက ဝင်တိုက်ခဲ့လို့ ကလေးဖြစ်သူ ေ..–သဆုံးသွားခဲ့ကြောင်း စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းဆီက သိရှိရပါတယ်။
သံဖြူဇရပ်မြို့၊ သံဖြူဇရပ်-ရေး အဝေးပြေးလမ်းမကြီးပေါ်၊ ဝယ်ကလီကျေးရွာက ကျောက်ခွဲစက်အနားမှာ မိခင်က ကလေးကို ချီပြီး သားအမိနှစ်ယောက် လမ်းဖြတ်ကူးစဉ်အခိုက် ထင်းကားနဲ့တိုက်မိပြီး ထင်းကားက ကလေးကို ကြိတ်မိသွားခဲ့လို့ ကလေး
ဖြစ်သူ ဦးနှောက်ပွင့်ထွက်ကာ နေရာမှာတင်ပဲ ေ..–သဆုံးသွားခဲ့ကြောင်း၊ မိခင်ဖြစ်သူဟာလည်း ပွန်းပဲ့ဒဏ်ရာတွေ ရရှိထားလို့ သံဖြူဇရပ် ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးထားကြောင်း သတင်းကြားသိရပါတယ်။