မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးတစ်ယောက်နဲ့ အပေါင်းပါ ၂ ယောက်တို့ဟာ အတွင်းသတင်းတွေကို တခြားလက်နက်ကိုင်အဖွဲ့တွေဆီ ပို့ပေးတဲ့အလုပ်ကို လုပ်နေလို့ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
မိမိဌာနရဲ့ အတွင်းသတင်းတွေကို အကြမ်းဖက်သမားတွေဆီပိုပေးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲမှ ဒီဇင်ဘာ ၁၈ ရက်၊ ညနေပိုင်းမှာ ဖမ်းဆီးခဲ့သလို အကြမ်းဖက်သမားတွေကို ထောက်ပံ့နေတဲ့ အခြားအမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ စိမ့်စမ်းမြိုင် (၉)လမ်း၊ အမှတ်(၁၈) မှာနေထိုင်တဲ့ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်ကိုကို အသက် ၄၀ နှစ်ဟာ အတွင်းသတင်းတွေနဲ့ ဝန်ထမ်းတွေရဲ့ သတင်းတွေကို တခြားလက်နက်ကိုင်အဖွဲ့တွေဆိ ပို့ပေးနေတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်လို့ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း သိရှိရပါတယ်။
နောက်ထပ်ဖမ်းဆီးထိန်းသိမ်းလိုက်သူ ၂ ယောက်ကတော့ သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ ဖွားအုန်းစိန်လမ်း၊ အမှတ်(၁၅) မှာနေထိုင်ပြီး စလောင်းပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ဦးဇင်လင်းနွယ်(ခ)ချန်ဒူးဝမ် အသက် ၄၁ နှစ်နဲ့ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ မြိုင်မာလာလမ်းမှာနေထိုင်ပြီး စက်ပြင်အလုပ်ကိုလုပ်ကိုင်တဲ့ ဦးဝင်းထိုက် အသက် ၄၈ နှစ်တို့ဖြစ်ကြပြီး ဒီအမျိုးသား ၂ ယောက်ဟာလည်း သတင်းပေးပို့မှု၊ ငွေကြေးထောက်ပံ့မှု၊ ဆေးဝါးနဲ့ အစားအသောက်ထောက်ပံ့မှုတွေကို လုပ်ပေးနေတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံသတင်းတွေက ရေးသားထားပါတယ်။