ကိုဗစ်ဖြစ်နေတဲ့အချိန်တုန်းကတောင် သူ တစ်ခုခုဖြစ်သွားခဲ့ရင် ဒီကားအရုပ်လေးတွေကို ဘယ်သူ့ကိုမှလည်း မပေးနဲ့၊ ရောင်းလည်း မရောင်းပစ်လိုက်နဲ့လို့ အမှာစကားထားခဲ့သူ ကိုကျော်မျိုး(ကံသာ) Diecast Collector
—————–
ကိုကျော်မျိုးဟာ ငယ်ငယ်လေးကတည်းက ကားအရုပ်တွေနဲ့ ကစားရတာကို ခုံမင်နှစ်သက်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီကားအရုပ်လေးတွေကို မစွန့်လွှတ်ဘဲနဲ့ ကိုကျော်မျိုးက ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာဟာ ၂၀၀၀ ပြည့်နှစ်ကတည်းကပါပဲ။ တစ်အချိုးတစ်လို့ ခေါ်တဲ့ ကားအကြီး Size တွေကိုတောင် ကိုကျော်မျိုးက ဝယ်ယူထိန်းသိမ်းထားခဲ့တာပါ။ ကားတွေကို အရမ်းချစ်တာကြောင့်လည်း ကားအရောင်းအဝယ်လုပ်ငန်း၊ ကားပြုပြင်တဲ့လုပ်ငန်းတွေကို လုပ်ခဲ့တာလို့ ကိုကျော်မျိုးက ပြောပြပါတယ်။ ကိုဗစ်ဖြစ်နေတဲ့အချိန်တုန်းကတောင် သူ တစ်ခုခုဖြစ်သွားခဲ့ရင် ဒီကားအရုပ်လေးတွေကို ဘယ်သူ့ကိုမှလည်း မပေးနဲ့၊ ရောင်းလည်း မရောင်းပစ်လိုက်နဲ့လို့ အမှာစကားထားတဲ့အထိ ကိုကျော်မျိုးက သူ့ရဲ့ကားအရုပ်လေးတွေကို ချစ်ခင်တွယ်တာသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို ထူးခြားလှတဲ့ အမာခံ Diecast Collector ကိုကျော်မျိုး(ကံသာ)ရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryLifeProgram #CollectorLife #UKyawMyo #ကိုကျော်မျိုး #ကံသာ #Kanthar #DiecastCollector #ကားအရုပ် #ဝယ်ယူစုစည်း #Yangon #Myanmar