ဆီနီဂေါလက်ရွေးစင်ဘောလုံးသမား မာနေးက သူ့အမေနဲ့ သူ့ဦးလေးတို့ဟာ ၁၄ နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်စေချင်နေပြီလို့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ထုတ်ဖော်ပြောကြားခဲ့ဖူးကြောင်း သိရှိရပါတယ်။
သတင်းရင်းမြစ်တွေကတော့ မာနေးရဲ့အမေနဲ့ မာနေးရဲ့ဦးလေးဖြစ်သူတို့က ပေးစားချင်ခဲ့တဲ့ကောင်မလေးဟာ အခုလက်ထပ်လိုက်တဲ့ အိုင်ရှာ တမ်ဘာပဲဖြစ်တယ်လို့ ဆိုပါတယ်။
မာနေးရဲ့အမေနဲ့ မာနေးရဲ့ဦးလေးတို့က ကောင်မလေးရဲ့အသက် ၁၄ နှစ်မှာကတည်းက မာနေးကို ကောင်မလေးနဲ့လက်ထပ်လိုက်တော့လို့ တိုက်တွန်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
မာနေးဟာ ဇန်နဝါရီလ ၇ ရက်နေ့က ကာလရှည်ကြာ ချစ်သူဖြစ်ခဲ့တဲ့ အိုင်ရှာ တမ်ဘာနဲ့ ဆီနီဂေါနိုင်ငံမှာပဲ လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့ပြီး လက်ထပ်ပြီး ၂ ရက်အကြာမှာပဲ ဆီနီဂေါလက်ရွေးစင်ဘောလုံးအသင်းကို ကိုယ်စားပြုကာ အာဖရိကနိုင်ငံများဖလားပွဲ ပါဝင်ကစားပေးဖို့အတွက် ပြိုင်ပွဲအိမ်ရှင် အိုင်ဗရီကို့စ်နိုင်ငံဆီကို မာနေးက ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
ဆီနီဂေါနိုင်ငံရဲ့ပြဌာန်းဥပဒေအရ အသက် ၁၆ နှစ်ပြည့်မှ အသက်ပြည့်တယ်လို့ သတ်မှတ်ပေးထားပြီး မာနေးကတော့ ကောင်မလေးအသက် ၁၈ နှစ်(တချို့သတင်းရင်းမြစ်တွေက ၁၉ နှစ်လို့လည်း ဖော်ပြထားပါတယ်)ပြည့်မှ လက်ထပ်ယူလိုက်တာဖြစ်ပါတယ်။