၂၀၂၅၊ဇန်နဝါရီလ၊၂၀ရက်
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ (၁)ရပ်ကွက်ရုံး ညောင်ပင် စက်လှေဆိပ်နဲ့ ဧရာဝတီမြစ် ရေချိုးဆိပ်မှာရေဆင်းချိုးတဲ့ ကျောင်းသားတစ်ဦးဟာ သူငယ်ချင်းတွေကို ရေငုပ်ပြရာမှ ရေနစ်ေ-သဆုံးသွားခဲ့တယ်လို့ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ေ-သဆုံးသွားတဲ့ ကျောင်းသားဟာ အသက် ၁၃ နှစ်အရွယ် Grade-6 ကျောင်းသားဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက သူငယ်ချင်းတွေကို ရေငုပ်ပြရင်း ပျောက်ဆုံးသွားတာကြောင့် ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၊ ကျွမ်းကျင်ရေငုပ်သမားတွေ၊ စက်လှေ သမားတွေနဲ့ဒေသခံ ပြည်သူတွေ ပူးပေါင်းပြီး ရှာဖွေခဲ့ရတာဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ စက်လှေနှစ်စင်းနဲ့ ပိုက်ကွန်တိုက် ရေငုပ်ရှာ ဖွေခဲ့ရာ ညနေပိုင်းမှာ ရုပ်အလောင်းကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ပြီး ညောင်ဦးမြို့ ဂရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းပိုင်ယာဉ်နဲ့ ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။