“ရွှေကီးရဲ့ထူးခြားချက်က လူစကားကို အရမ်းနားလည်လာတာပါ၊ သားရေလို့ ခေါ်လိုက်ရင် ဘာ လို့ ပြန်ထူးတတ်လာတာကြီးကို ကိုယ်တွေမှာ ကြွေနေရတာ” – မစောပြည့်စံ(ရွှေကီးလေး မေမေ)
————————–
“ရောက်စတုန်းက ရွှေကီးက လုံးဝကို အကိုင်မခံဘူး။ နှစ်ပတ်လောက်နေမှ အကိုင်ခံမှာ။ အဲ့ဒီတော့မှ သူ့သွားလေးတွေကို စမြင်ဖူးတာ။ သွားလေးတွေက ဝါပြီး ဂျွတ်တက်နေတာလေး။ စောမှာ ဓာတ်ပုံလေးတွေလည်း ရှိတယ်။ သူ့အမေဖြစ်တဲ့ စောကလည်း ငယ်ငယ်ကတည်းက သွားမကောင်းဘူးလေ။ ဒီတော့ ငါ့သားလေးက ငါနဲ့တူတယ် ဖြစ်သွားတာပေါ့။ ငယ်ငယ်တုန်းက ရွှေကီးရဲ့အမွေးတွေက ခြေသုတ်ဖုံကြီးအတိုင်းပဲ။ အရမ်း ခိုင်တာ။ အမွေးက လုံးဝကို မကျွတ်ဘူး။ အခု အသက် ၅ နှစ်၊ ၆ နှစ်ထဲကို ရောက်မှ သူ့အသက်ကြောင့်လည်း ပါမယ်၊ သူ့ဝိတ်ကြောင့်လည်း ပါမယ် ထင်တယ်၊ သပ်ချလိုက်လို့ရှိရင် အမွေးနည်းနည်း ကျွတ်လာတာ။ မအေဆိုတော့လည်း မှန်တာပြောရရင် သားကို အမွေးထူထူ၊ လှလှကြီးပဲ ဖြစ်စေချင်တာပေါ့နော်။ နောက်တစ်ခုကတော့ သူရဲ့ Signal ဖြစ်တဲ့ စူပါဗိုက်ပေါ့။ ဗိုက်ကလေးက ငယ်ငယ်က သာမန် ဗိုက်ပိန်လေးပေါ့နော်။ ကီးကီးလေးရဲ့ထူးခြားချက်က အသက်ပြင်းတယ်။ အသက်ကတော့ တော်တော်ကို ပြင်းတာ။ ကီးကီးလေး ေ…—သလုမျောပါးတစ်ကြိမ် သောကအကြီးကြီး ရင်ဆိုင်ခဲ့ရဖူးတယ်။ သူ အကြီးအကျယ်ကို နေမကောင်းဖြစ်ခဲ့တာ။ နောက်တစ်ခု ထူးခြားတာက ရွှေကီးဟာ လူကစားတွေ ပိုနားလည်လာတာ။ သားရေ ဆို ဘာ လို့ ပြန်ထူးတာကြီးက သူ စိတ်ကြည်တိုင်း ထူးတာ။ မအေနဲ့ ကြီးတော်မှာ အဲ့ဒီ ဘာ လို့ ပြန်ထူးတာကြီးနဲ့ကို ဒင်းကို ကြွေနေရတာ။ ကိုယ်တွေမှာက သူပဲ ရှိတာကိုး” – မစောပြည့်စံ(ရွှေကီးလေး မေမေ)
#MercuryVariety #MV #MercuryExclusiveInterview #MercuryPetProgram #MaSawPyaeSan #မစောပြည့်စံ #ရွှေကီးမေမေ #ShweKey #ရွှေကီး #ကချင် #မိုးညှင်း #ဘုရားပေးတဲ့လက်ဆောင် #သားသမီးအစစ် #ပြုစုစောင့်ရှောက် #Signal #လူစကား #နားလည်မှု #အမွေး #သွား #စိတ်ကြည်လင် #ထူးခြားချက် #စူပါဗိုက် #Yangon #Myanmar