စတင်ပြေးဆွဲ
——————————————-
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၁၃)ရက်
သာစည်မန္တလေးရထားလမ်းပိုင်းမှာ လူစီးရထားတွေစတင်ပြေးဆွဲပေးနေပြီးလို့ မြန်မာ့မီးရထားမှ သိရပါတယ်။
နိုဝင်ဘာလ(၁၁)ရက်ကစလို့ သာစည်-မန္တလေး အစုန်အဆန်ခရီးစဉ်တွေကို RBEရထားတွေနဲ့ စတင်ပြေးဆွဲပေးလျက်ရှိပြီး သာစည်-မန္တလေးအစုန်ခရီးစဉ်ကို မန္တလေးဘူတာမှ ညနေ၃နာရီမှာသွားရောက်စီးနင်းနိုင်မှာဖြစ်ပါတယ်။
သာစည်-မန္တလေးအဆန်ခရီးစဉ်ကိုတော့ သာစည်ဘူတာမှ နံနက်(၅)နာရီခွဲမှစတင်ပြေးဆွဲပေးမှာဖြစ်ပြီး လမ်းခရီးဘူတာစဉ်တွေ လည်းရပ်ပေးသွားဖို့ရှိပါတယ်။
သာစည်-မန္တလေးရထားခရီးစဉ်ကိုလူဦးရေ(၁၀၀)စီးနင်းလိုက်ပါနိုင်ပြီး လက်မှတ်ခအနေနဲ့ ခရီးစဉ်အစအဆုံး(၅၀၀၀)ကျပ် ၊ခရီးတဝက်(၂၅၀၀)ကျပ်ဖြင့်လိုက်ပါစီးနင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။