၂၀၂၅၊ဇန်နဝါရီလ၊၁၈ရက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁ ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ထူပါရံစုပေါင်းအိမ်ရာရဲ့ ရေမြောင်းမှာ ကိုယ်လက်အင်္ဂါ ပျက်စီးနေတဲ့ မွေးကင်းစကလေး ရုပ်အလောင်းကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ရေမြောင်းထဲမှာ မွေးကင်းစကလေး ရုပ်အလောင်းကိုတွေ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက အကြောင်းကြားလာတာကြောင့် YRO အဖွဲ့ဝင် သစ္စာမဏ္ဍိုင်-လူမှုကူညီကယ်ဆယ်ရေးအသင်း၊ အောင်နိုင်သူ-လူမှုကူညီရေးအသင်းတို့က စေတနာ့ ဝန်ထမ်းတွေက သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့တစ်ပတ်ကဘဲ တာမွေမြို့နယ်မှာ အိတ်အမဲဖြင့်ထုတ်ပိုးပြီး လမ်းဘေးကို လာရောက်စွန့်ပစ် ထားတဲ့ ပိုင်ရှင်မဲ့မွေးကင်းစ ကလေးငယ်ရုပ်အလောင်းကို တွေ့ခဲ့ရပြီး ယခု သာကေတမှာ မွေးကင်းစ ကလေးငယ်ရုပ်အလောင်းကို ထပ်တွေ့ခဲ့ရတာဖြစ်ပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။