ခရစ္စမတ်နေ့ ည ၁၀ နာရီခွဲအချိန်လောက်က ယာဉ်တိုက်မှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ မေသဉ္ဇာဦးရဲ့သားကြီးဖြစ်သူ ကိုမင်းသန်းကျော်ရဲ့ရုပ်အလောင်းကို ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ ဈာပနအခမ်းအနား ပြုလုပ်ပြီး သင်္ဂြိုဟ်လိုက်ပြီလို့ သိရှိရပါတယ်။
အသက် ၂၇ နှစ်အရွယ် ကိုမင်းသန်းကျော်ဟာ ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီခွဲအချိန်လောက်က လမ်းလယ်ဓာတ်တိုင်ကို ကားနဲ့ဝင်တိုက်မိခဲ့ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းမှာ အဲ့ဒီယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကိုမင်းသန်းကျော် မောင်းနှင်လာတဲ့ကားက MDY 15 9R/3105 KIA Carnvial ဖြစ်တယ်လို့ သိရပါတယ်။
ရှင်ပါကူဆေးခန်းဘက်ကနေ ကျောက်မြောင်းမီးပွိုင့်ဖက်ဆီကို ကိုမင်းသန်းကျော် မောင်းနှင်လာခဲ့တဲ့ MDY 15 9R/3105 KIA Carnvial ကားဟာ ကျောက်မြောင်းမီးသတ်အရှေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်မောင်း ကိုမင်းသန်းကျော် ဟာ ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာတွေရရှိပြီး ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကုသစဉ်မှာ ကွယ်လွန်သွားခဲ့ကာ ကျန်ရစ်သူမိသားစုက ဒီနေ့မှာ ဈာပနအခမ်းအနားပြုလုပ်ပြီး သင်္ဂြိုဟ်လိုက်တာဖြစ်ပါတယ်။