Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သရုပ်ဆောင် ဇဏ်ခီရဲ့မိခင် ကွယ်လွန်

မန္တလေးမြို့မှာ နေထိုင်တဲ့ နန်းရှေ့ဒေါနဘွားရပ်နေ (ဦးကြည်စိုး)ရဲ့ဇနီးဖြစ်သူ သရုပ်ဆောင် ဇဏ်ခီရဲ့မိခင် နူရ်ဂျန်းဘီဘီ (ခ) ဒေါ်ခင်ဝင်းရီ(ခ) မဒေါ်လီ အသက် ၇၂ နှစ်ဟာ ဒီကနေ့မနက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန် ကျောက်ဗလီမှာ ဇဟိုရ်နမားဇ်အပြီး ဂျနာဇဟ်ဖတ်မယ်လို့ သတင်းကြားသိရပါတယ်။

နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်မှာတော့ ကျောက်ဗလီကနေ အေးရိပ်ငြိမ် မွတ်စ်လင်မ် ကဘရ်စတန် ဥယျာဥ်တော်ကိုပို့ဆောင်ပြီး မြေမြှုပ်သင်္ဂြိုဟ် ဒဖွာနာမှာဖြစ်တယ်လို့ သိရှိရပါတယ်။