Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သရုပ်ဆောင်ဗညားဘုန်းပြည့် ပြစ်ဒဏ်ကျနေရာမှ ပြန်လွတ်လာ

——————————————-

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၆)ရက်

သရုပ်ဆောင်ဗညားဘုန်းပြည့် ပြစ်ဒဏ်ကျနေရာမှ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ဖူးပွင့်သခင်ရဲ့ “အချစ်ခံကြည့်”သီချင်းကြောင့် မမြင်မသင့်လျော်တဲ့ သရုပ်ဆောင်မှုစွပ်စွဲချက်နဲ့ ထောင် (၁၀)နှစ်ချခံထားရတဲ့ သရုပ်ဆောင် ဗညားဘုန်းပြည့် ဒီဇင်ဘာလ(၅)ရက်မှာ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။

“ဒီနေ့ ကျွန်တော် နေကောင်းကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီကြားထဲ ပရိတ်သတ်နှင့် ချစ်ရသူအားလုံးကို စိတ်ပူစေခဲ့မိလို့လည်း တောင်းပန်ပါတယ်ခင်ဗျာအားလုံးကို လွမ်းနေခဲ့တာပါဗျာ” လို့ သူ့ရဲ့ လူမှု့ကွန်ယက်စာမျက်နှာမှာတင်ထားတာလည်းတွေ့ရပါတယ်။

“အချစ်ခံကြည့်” သီချင်းမှာ သရုပ်ဆောင်ထားမှုမှာ လိင်အသားပေးတွေ ပါဝင်သဖြင့် ပုဇွန်တောင်ရဲစခန်းမှာ အမှုဖွင့်ထားပြီး အဲဒီ့သီချင်းမှာပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ဗညားဘုန်းပြည့်နဲ့ ဇာတ်ညွန်းရေးသူ ရွှေဆုဆိုသူတို့မှာ ပြီးခဲ့တဲ့ ဧပြီလပိုင်းခန့်က အဖမ်းခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynew#ပြည်တွင်းသတင်း#ဗဘညားဘုန်းပြည့်

May be an image of 3 people