၂၀၂၄၊နိုဝင်ဘာလ၊၆ရက်
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် က Florida Republican Center မှာ အောင်ပွဲခံ အနိုင်ရမိန့်ခွန်းပြောနေပြီ ဖြစ်ပါတယ်။
သမ္မတလောင်း ဒေါ်နယ်ထရမ့် က ဒဏ်ရာရနေတဲ့ အမေရိကန်ကို သူကုစားပေးသွားမှာဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း ပေါ်ပြူလာမဲကို ရီပါဘလစ်ကင်က ရခဲ့တာက အမေရိကန်ပြည်သူတွေရဲ့ ရီပါဘလစ်ကင်ပါတီအပေါ် အာဏာအပ်နှင်းခြင်းဆိုတာ ထင်ရှားတယ်လို့မိန့်ခွန်းမှာပြောခဲ့ပါတယ်။
အမေရိကန်အထက်လွှတ်တော်မှာ ရီပါဘလစ်ကင်ပါတီဝင်အများစုက နေရာရသွားပြီဖြစ်တဲ့အတွက် ထရမ့်ဟာ အမေရိကန်သမ္မတတွေထဲမှာ အာဏာကြီးမားတဲ့ သမ္မတတစ်ဦးဖြစ်လာတော့မှာဖြစ်ပါတယ်။