Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေး အခွန်မှုဝါဒတွေက ကမ္ဘာ့စီးပွားရေးအပေါ်ဘယ်အထိ သက်ရောက်မှုရှိမလဲ?

၂၀၂၅၊ဧပြီလ၊၁၁ရက်

သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေးမှုဝါဒအသစ်တွေကြောင့်တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့အကြီးဆုံးဈေးကွက်မှာပြင်းထန်တဲ့အခွန်ပြစ်ဒဏ်တွေနဲ့အတူကြီးမားတဲ့ထိခိုက်မှုကိုကြုံတွေ့နေရပါတယ်။

အမေရိကန်သမ္မတအဖွဲ့က အခွန် အချို့ ပြန်လည်လျော့နည်းပေးတဲ့ အခြေအနေတွေကို ပြုလုပ်ထားပေမဲ့ ကြီးမားတဲ့သက်ရောက်မှုတွေကတော့ရှိနေဆဲဖြစ်ပါတယ်။

ဒီအခြေအနေဟာ ၁၉၃၀ခုနှစ်တည်းကနေ မကြုံဖူးသေးတဲ့ အခွန်စည်းမျဉ်းဉပဒေတွေ၊နှုန်းထားတွေကို သတ်မှတ်ထားတာကြောင့် အလွန်ကြီးမားတဲ့ အားကိုးမှုအခြေပြုအခွန်နံရံတစ်ခုကို အမေရိကန်တည်ဆောက်နေတာလို့ ယူဆလို့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ဘယ်နိုင်ငံမဆို (ဥပမာအနေနဲ့ ယူကေ ဒါမှမဟုတ် ဩစတြေးလျ) အမေရိကန်ကိုအရောင်းနည်းပေမယ့် အမေရိကန်ကသူတို့ကို ပိုရောင်းနေတာဖြစ်စေ၊ အားလုံးအတွက် တူညီတဲ့ ၁၀% အခွန် သတ်မှတ်ထားပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဒီလိုမဟုတ်တော့ဘဲ အမေရိကန်က ကုန်သွယ်ရေး အခွန်မှုဝါဒအသစ်နဲ့အတူ အားလုံးကို တိုးမြင့်ကောက်ခံတော့မှာဖြစ်ပါတယ်။ လာမယ့်အဆင့်တွေမှာ ဘာတွေဖြစ်လာမလဲဆိုတာအတွက် စိတ်ပူစရာကောင်းတဲ့ စောင့်ဆိုင်းမှုတစ်ခုလည်း ရှိနေပါတယ်။ ထိုမေးခွန်းများထဲက တစ်ခုကတော့ သမ္မတထရမ့်က ဆေးဝါးပစ္စည်းတွေ အပေါ် အခွန်တိုးချဲ့ချင်သလားဆိုတာဖြစ်ပါတယ်။ ဆေးဝါးပစ္စည်းကတော့ ယူကေရဲ့ အမေရိကန်ဆီ ဒုတိယအကြီးဆုံး ကုန်ပစ္စည်းတင်ပို့မှုဖြစ်ပါတယ်။

အကယ်၍သာ သမ္မတ ထရမ့်က ဆေးဝါးပစ္စည်းတွေ အပေါ် အခွန်တိုးကောက်လာခဲ့ရင် ဗြိတန်နဲ့ ဂျာမနီအတွက် တော်တော်လေး ကျဉ်းထဲကြပ်ထဲ ရောက်သွားစေမှာပါ။ဒါတွေအပေါ်ရော ဥရောပသမဂ္ဂ (EU)နိုင်ငံတွေ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

သမ္မတထရမ့်ရဲ့ အခွန်နှုန်းထားအသစ်တွေကြောင့် လတ်တလော ဒုက္ခအရောက်ဆုံးဖြစ်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ သန်းနဲ့ချီတဲ့ အခွန်တွေကို ပေးဆောင်လာရဖို့ရှိနေပြီး ဒါတွေအပေါ်မှာရော တရုတ်အနေနဲ့ ဖြေရှင်းဖို့ နည်းလမ်းကို သေချာပေါက်ရှာရတော့မှာပါ။

အာဆီယံနိုင်ငံတွေကတော့ အမေရိကန်နဲ့ ပြိုင်ပြီး ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွဲဖို့ မရှိဘူးလို့ သိရပြီး အာရှအင်အားကြီး ဂျပန်နဲ့တောင်ကိုရီးယားကတော့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် သက်သာတဲ့ အခွန်နှုန်းထားရှိနေပါသေးတယ်။

သမ္မတထရမ့်ရဲ့ အခွန်နှုန်းထားအသစ်တွေကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုတွေတော့ရှိလာပြီး ဘယ်လောက်ထိကြီးမားလာမလဲဆိုတာကိုတော့စောင့်ကြည့်ရဦးမှာဘဲဖြစ်ပါတယ်။

ဆောင်းပါး-Mercury News

#mercury#mecurynews#အမေရိကန်#စီးပွားရေး#အခွန်