———————————————————–
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂)ရက်
သမ္မတဂျိုးဘိုင်ဒင်ဟာ အခုလအတွင်း သေနတ်ပစ်မှု၊အခွန်စွပ်စွဲချက်စတဲ့ ပြစ်မှုတွေနဲ့ရင်ဆိုင်နေရသောသားဖြစ်သူ Hunter Biden ကိုလွတ်ငြိမ်း ချမ်းသာခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။
“ဒီနေ့၊ ငါ့သား Hunter အတွက် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ် ရေးထိုးခဲ့တယ်” ဟု သမ္မတက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီတရားဝင် ခွင့်လွတ်ခွင့်ကို ရွေးကောက်ခံသမ္မတ Donald Trump က ပြန်လည်ရုပ်သိမ်းလို့မရနိုင်ပါဘူး။
ရွေးကောက်ပွဲမတိုင်မီက သားဖြစ်သူရဲ့ပြစ်ဒဏ်ကို လျှော့ပေးမှာမဟုတ်ဘူးလို့ပြောကြားခဲ့ဖူးပြီး အခုအခါ သားဖြစ်သူကို ခွင့်လွှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြင့် ဂျိုးဘိုင်ဒန်ဟာ သူပေးခဲ့တဲ့ကတိကိုလူသိရှင်ကြား မတည်သလိုဖြစ်သွားခဲ့တယ်လို့ CNNသတင်းဌာနရဲ့ဖော်ပြ ချက်အရ သိရပါတယ်။
ဓါတ်ပုံ-CTV News