————————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၇)ရက်
သဘာဝဘေးကြောင့် သေဆုံးသူ(၁၇၂)ဦး၊ မျောပါပျောက်ဆုံးသူ(၃၈)ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှု အနေနဲ့(၁၀၅၃၈၈) ကောင်ရှိခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee) အစည်းအဝေးမှ သိရပါတယ်။
နေအိမ်အဆောက်အဦပျက်စီးမှုအနေနဲ့ မြို့နယ် (၆၉)မြို့နယ်မှ လမ်း/တံတားပျက်စီးမှု(၁၇၇)ခု၊ လျှပ်စစ်မီး တိုင်(၉၆၃)တိုင်၊ ဆက်သွယ်ရေးတိုင်(၈၂)တိုင်နှင့်လူနေအိမ်(၁၀၈၃)လုံး၊ ရုံးဌာန အဆောက်အဦ(၁၄၆)လုံး၊ စာသင်ကျောင်း(၁၀၂၃)ကျောင်း၊ ဘာသာရေးကျောင်း(၃၈၂)ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းအရှိန်၊အားကောင်းတဲ့မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတဝှမ်း သဘာဝ ဘေးအန္တရာယ်တွေကြုံတွေ့ခဲ့ပြီးအခုလို ထိခိုက်ပျက်စီးမှုတွေကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။