YGEA ရဲ့ သတ်မှတ်ဈေးနှုန်းအောက်မှာ အရောင်းအဝယ်မလုပ်နိုင်တဲ့ ရွှေဆိုင်တွေကို အရောင်းအဝယ် ရပ်ထားလိုက်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီလိုပဲ အခြေအမြစ်မရှိလှတဲ့သတင်းတွေကို အကြောင်းပြုပြီး ပြင်ပဈေးကွက်ထဲမှာ အရောင်းအဝယ်ပြုလုပ်တွေက ရွှေဈေးကစားကာ ဆွဲတင်၊ ဆွဲချလုပ်နေတာတွေကိုလည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးပြီး အရေးယူနေပြီလို့ ဆိုပါတယ်။
မတ်လ ၁၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှာ YGEA က သတ်မှတ်ရွှေဈေးနှုန်းအဖြစ် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၇၉၄,၅၀၀ အဖြစ် ထုတ်ပြန်ခဲ့ပေမယ့် ဈေးကွက်သတင်းတွေအရတော့ ပြင်ပပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားက ၄,၁၆၀,၀၀၀ ကျပ်အထိ ရှိနေခဲ့တယ်လို့ သတင်းကြားသိရပါတယ်။