Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သင်္ကြန်ကာလအတွင်း ရန်ကုန်-မော်လမြိုင်-ရန်ကုန်အထူးရထားပြေးဆွဲမည်

—————————————–

၂၀၂၅ခုနှစ်၊ဧပြီလ၊(၉)ရက်

မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူတွေ ခရီးသွားလာမှုအဆင်ပြေရေးအတွက် ရန်ကုန်-မော်လမြိုင်-ရန်ကုန်အထူးရထားပြေးဆွဲဖို့ရှိတယ်လို့ သိရပါတယ်။

ဧပြီ(၁၁)ရက်၊(၁၂)ရက်၊(၂၁)ရက်၊(၂၀)ရက်၊(၂၁)ရက်နေ့တွေမှာ အထူးရထားခရီးစဥ်တွေ ပြေးဆွဲမှာဖြစ်ပါတယ်။

အမှတ် (၈၂) အစုန်ရထားနဲ့ အစုန်အထူး ရထားလက်မှတ်တွေကို အထက်တန်း၃ရက်ကြိုတင်ပြီးလည်းကောင်း ရိုးရိုးတန်း လက်မှတ်များအား ၁ရက်ကြိုတင်၍ လည်းကောင်း မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နေ့စဥ် နံနက်

(၀၇း၀၀) နာရီမှ နေ့လည် (၀၃း၀၀) နာရီထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မော်လမြိုင်ဘူတာကြီးမှ နေ့စဥ်ပြေးဆွဲနေသောအမှတ် (၈၂) အစုန် မော်လမြိုင်- ရန်ကုန် အမြန်ရထားဟာ နေ့စဥ် ပုံမှန်အတိုင်းပြေးဆွဲပေးမည်ဖြစ်ပြီး မဟာသသင်္ကြန်ကာလအတွင်း ရထားပြေးဆွဲမှုရပ်နားမည်မဟုတ်ဘဲ AARတွဲဆိုင်းဖြင့်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မော်လမြိုင်#ပြည်တွင်းသတင်း