ဝုဖ်ဗာတန်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာကို ခေါ်ယူနိုင်ဖို့ မန်ယူအသင်းက ကြိုးစားနေပြီး လက်ရှိမှာလည်း Personal Agreementရဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Sky Italiaအပါအဝင် သတင်းဌာန အများအပြားက ဖော်ပြခဲ့ကြပါတယ်။
ကူညာနဲ့ မန်ယူတို့ကြားမှာ ဆွေးနွေးမှုတွေက တိုးတက်လျှက်ရှိပြီး မန်ယူအသင်းရဲ့ ရေရှည်စီမံကိန်းကိုလည်း ကူညာဘက်က သဘောကျတယ်လို့ နာမည်ကျော်သတင်းထောက် ရိုမာနိုကပြောပါတယ်။
တိုက်စစ်ကစား ကူညာနဲ့ ဝုဖ်ဗာတန်အသင်းကြားမှာ စာချုပ်သက်တန်းနှစ်တွေ ကျန်နေသေးသလို စာချုပ်ဖျက်သိမ်းကြေးကလည်း ပေါင် ၆၂.၅သန်းအထိ ရှိပြီး မန်ယူအသင်းဘက်ကတော့ ကူညာကို အသင်းဆီအရ ခေါ်ယူဖို့ရှိနေတာဖြစ်ပါတယ်။
#mercury#mercurynews#manu#cunha#အားကစားသတင်း