၂၀၂၅၊ဇန်နဝါရီလ၊၇ရက်
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာ၊မှန်ပြတောင်ဘက်ကို သွားတဲ့လမ်းမှာ ဒီနေ့ မနက်ပိုင်းက ယာဉ်မတော်တဆမှုကြောင့် လူငယ်တစ်ဦးေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၁၅ နှစ်အရွယ် မောင်ခေါ်ဗျာလဆိုသူဖြစ်ပြီး ဆိုင်ကယ်အရှိန်လွန်မောင်းနှင်ကာ (Over Speed) မတော်တဆ ဆိုင်ကယ်မှောက်သွားပြီး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ေ-သဆုံးသွားတယ်လို့ မျက်မြင်ဒေသခံတစ်ချို့က ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို မွန်မြတ်စေတနာလူမှုကူညီရေးအသင်းက ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်လိုက်ပြီလို့လည်း သိရပါတယ်။