Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဝါးတောင်သူများ ဘဝတိုးတက်စေရန်ဝါးထုတ်ကုန်များကိုဈေးကွက်ချဲ့ထွင်ရန်ရှိ

——————————————————————–

၂၀၂၅ခုနှစ်၊ဇန်နဝါရီ၊(၁၈)ရက်

ဝါးတောင်သူတွေနဲ့ ထုတ်လုပ်သူတွေရဲ့ဘဝတိုးတက်စေဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ဝါးထုတ်ကုန်တွေကို ပြည်တွင်းပြည်ပဈေးကွက်ချဲ့ထွင်ဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဝါးလက်မှုပစ္စည်းလုပ်ငန်းဟာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေပြီး ပြည်တွင်းခရီးသွားတွေသာမက နိုင်ငံခြားခရီးသွားဧည့်သည်တွေကိုပါ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်တွေကို ဆန်းသစ်တီထွင်ထုတ်လုပ်ပြီး လက်ဆောင်ပစ္စည်းအဖြစ်ထုတ်လုပ်ရောင်းချပါက ဝါးတောင်သူတွေနဲ့ ထုတ်လုပ်သူတွေရဲ့လူမှုစီးပွား ဘဝတွေ ပိုမိုတိုးတက်လာမယ့် အခွင့်အလမ်းတွေလည်း ရရှိနိုင်မှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းကပြောပါတယ်။

ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံမှ ဝါးထုတ်ကုန်များ ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် “ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။

အဲဒီ့ဆွေးနွေးပွဲမှာ ဝါးဈေးကွက်အခြေအနေများ၊ ထုတ်ကုန်များ ထုတ်လုပ်မှုအခြေအနေများ၊ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဝါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါးသယံဇာတ ရေရှည်အသုံးချနိုင်ရေး စသည့် ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ပြည်တွင်းသတင်း#ဝါး