ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ အေးရှားဝေါလ်အနီးက ထရန်စဖော်မာဝန်းထဲမှာရှိတဲ့ MPT ဖုန်းတိုင်အောက်ကနေ ပုပ်ပွေ..–သဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ရုပ်အလောင်းကို ဒီကနေ့ မတ်လ ၁၃ ရက်မှာ တွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။
အဲ့ဒီ အမျိုးသားရုပ်အလောင်းအနီးကနေ သံဖြတ်လွှတစ်ချောင်းကိုလည်း တွေ့ရှိခဲ့ရပြီး MPT ဖုန်းတိုင်မှာရှိတဲ့ လျှပ်စစ်မီး ဝါယာကြိုးကို လွှနဲ့ဖြတ်ယူရာကနေ ဓာတ်လိုက် သေဆုံးတာဖြစ်နိုင်တယ်လို့ သတင်းကြားသိရပါတယ်။
ဒီအမျိုးသားဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ေ…–သဆုံးနေတာဖြစ်နိုင်တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေ ခန့်မှန်းထားပြီး လက်ရှိမှာတော့ ေ..–သဆုံးသူ အမျိုးသားရဲ့ရုပ်အလောင်းကို နမ့်ခုံရှမ်းများပရဟိတအသင်းက အေးချမ်းသုဿာန်ဆီကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။