ဇနီးကို ချစ်လွန်းလို့ ဇနီးသည် ဖြစ်ချင်သမျှ အကုန်အလိုလိုက်ဖို့ ဝယ်သူနည်းပါးတဲ့ထင်းကို ခုတ်ရောင်းရင်း ရှာဖွေကျွေးမွေးနေသူ ဦးမောင်လှနဲ့ ဒေါ်သန်းရွှေတို့ ဇနီးမောင်နှံ
—————————
ချစ်ခြင်းတရားနဲ့ ချစ်မေတ္တာကို ယုံကြည်ပါသလား။ ချစ်သူထက် ဓူဝံထက်မြင့်တဲ့အရပ်ကကြယ်ကို ခူးဆွတ်ပေးလာမှာပေါ့ကွယ်ဆိုတဲ့ စကားကို ယုံကြည်ပါသလား။ တူနှစ်ကိုယ် တဲအိုလေးထဲမှာ နေထိုင်ရင်း ချစ်မေတ္တာကြွယ်ဝမှုကို နားလည်ချင်ရင် ဦးမောင်လှနဲ့ ဒေါ်သန်းရွှေတို့ ဇနီးမောင်နှံကိုပဲ သွားကြည့်လိုက်ပါ။ ဦးမောင်လှနဲ့ ဒေါ်သန်းရွှေတို့ဟာ ဝမ်းရေးအတွက် ထင်းခုတ်ရောင်းစားရင်း ဘဝရပ်တည်နေကြသူတွေပါ။ ဇနီးသည်ဖြစ်ချင်သမျှ အကုန်အလိုလိုက်တယ်ဆိုရင် တိုက်တစ်လုံး၊ ကားတစ်စီး ဝယ်ပေးနိုင်လားလို့တော့ မမေးလိုက်ပါနဲ့။ ဘဝအခက်အခဲတွေကြားမှာ တွဲလက်ကို မြဲမြဲဆုပ်ကိုင်ထားနိုင်ခြင်းဟာ ချစ်ခြင်းတရားရဲ့အနှစ်သာရပဲ မဟုတ်ပါလေလား။ ဦးမောင်လှနဲ့ ဒေါ်သန်းရွှေဟာ အရမ်းကို ချစ်ကြတဲ့ ဇနီးမောင်နှံပါ။ ဦးမောင်လှ ဆိုရင် မနက်ခင်းမှာ သူ့ဇနီး ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ မုန့်ကို တွဲဖက်သောက်ရမှ စိတ်ကျေနပ်သူဆိုတာကို အတွေးထဲ မှတ်မိနေဆဲပါပဲ။ သူကတော့ မနက်ခင်းဆိုရင် ထမင်းကြမ်းခဲ စားရရင်လည်း အဆင်ပြေတယ်လို့ ဦးမောင်လှက ပြောပြပါတယ်။ ကျောက်ကပ်မကောင်းလို့ ထင်းခုတ်ရှာဖွေရတာမှာ အခက်အခဲတချို့ရှိပေမယ့် အဆင်ပြေအောင် တတ်နိုင်စွမ်းသမျှ ချစ်ခြင်းတရားနဲ့အတူ ကြိုးစားနေထိုင်တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ ထူးခြားချက်တစ်ရပ်က ဦးမောင်လှနဲ့ ဒေါ်သန်းရွှေတို့ဇနီးမောင်နှံဟာ အခုအသက်အရွယ်ကို ရောက်တဲ့အထိ တစ်ကြိမ်တစ်ခါမှ ရန်ဖြစ်တယ်လို့ မရှိခဲ့တာပါပဲ။ ဝမ်းရေးအတွက် ဝယ်သူနည်းပါးတဲ့ ထင်းကို ခုတ်ရောင်းရင်း အချစ်တစ်ခုတည်းနဲ့ တစ်ဦးကိုတစ်ဦး ယုံကြည်မှုူထားရင်း ဘဝကိုခက်ခဲစွာ ကြိုးစားရုန်းကန်နေတဲ့ အဖိုး ဦးမောင်လှနဲ့ အဖွား ဒေါ်သန်းရွှေတို့ ဇနီးမောင်နှံအကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဦးမောင်လှ #UMaungHla #ဒေါ်သန်းရွှေ #DawThanShwe #ဇနီးမောင်နှံ #Family #ဘဝရပ်တည်မှု #ထင်းခုတ်ရောင်းချ #Yangon #Myanmar