Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ပယ်ထုံတန်ရှင်နာဝပ် ဟာ ထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာ

၂၀၂၄ ဩဂုတ်လ ၁၆

ထိုင်းနိုင်ငံလွှတ်တော်ဟာ ညွန့်ပေါင်းပါတီက အဆိုပြုထားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ပယ်ထုံတန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်အသစ်အဖြစ် အတည်ပြုလိုက်ပါတယ်။

လွှတ်တော်ရဲ့အတည်ပြုချက်နဲ့အတူ ပယ်ထုံတန်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံ သမိုင်းတလျှောက် အသက်အငယ်ဆုံး နဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

ပယ်ထုံတန်ရှင်နာဝပ်က ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့တဲ့ တတိယမြောက် ရှင်တာဝပ်မိသားစုဝင် လည်းဖြစ်ပါတယ်။