လူညပ်နေ၍ကယ်ဆယ်ခဲ့ရ
—————————————————————————-
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၁၈)ရက်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း၊သမကုန်းမီးပွိုင့်အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး
လူညပ်နေလို့ကယ်ဆယ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
နိုဝင်ဘာလ(၁၇)ရက်ညပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်ရှေ့ပိုင်းကျိုးကြေခဲ့ကာ ကျား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ကို ကယ်ဆယ်ခဲ့ရပါတယ်။
အဲဒီ့ဖြစ်စဉ်ကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။