ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးခွက်စျေးလမ်းဆုံက မီးပွိုင့်မှာ ဇန်နဝါရီ ၂၅ရက် မနက် ၉ နာရီလောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် ကွန်တိန်နာတွဲကား တိုက်ခံလိုက်ရပြီး အခုလတ်တလောမှာ ဆေးရုံပို့ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမောင်ဟာ အဲ့ဒီနေ့က ဆိုင်ကယ်စီးနင်းလာခဲ့ပြီး သူ စီးနင်းလာတဲ့ဆိုင်ကယ်ဟာ တွဲကားနဲ့ဝင်တိုက်ခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးထွန်းမောင်ကို လတ်တလောမှာတော့ လှိုင်သာယာပြည်သူ့ဆေးရုံဆီ တင်ပို့ထားပြီး အုပ်ချုပ်ရေးမှူးရဲ့ဘယ်ဘက်ခြေထောက်ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ကွန်တိန်နာတွဲကား မောင်းနှင်းတဲ့ ယာဥ်မောင်းကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။