Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လျှပ်စစ်မီးပိုရအောင် ရေအားလျှပ်စစ်အကောင်အထည်ထပ်ဖော်ရန်တင်ဒါများခေါ်နေ

——————————————————————————

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၆)ရက်

လျှပ်စစ်ဝန်ကြီးဌာနမှ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့ တင်‌ဒါခေါ်ထားတယ်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်ထဲမှာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးအတွက် လိုအပ်တဲ့ပစ္စည်းအမျိုးအစားတွေဖြစ်တဲ့ (၁)040-DHPI/Fusel၊(၂) 041-DHPI/Cement၊(၃) 042-DHPI/Deformed Barအတွက် မြန်မာကျပ်ငွေနဲ့ ဝယ်ယူဖို့ ခေါ်ယူထားတာဖြစ်ပါတယ်။

ဇန်နဝါရီလ(၆)ရက်မှ(၂၀)ရက်အထိ တင်ဒါရောင်းချသွားမှာဖြစ်ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့လည်ပိုင်းအပြီးတင်သွင်းကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ရန်ကုန်မြို့မှာ တစ်ရက်ကို (၄)နာရီသာလျှပ်စစ်မီးပေးနိုင်တယ်လို့ ဒေသခံတွေထံကသိရပြီး ဒီဇင်ဘာလ(၂၁)ရက်က YESCရဲ့ထုတ်ပြန်ချက်မှာတော့ လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ ၄၄၀၀ မဂ္ဂါဝပ်ရှိပြီးတစ်ရက်ပျမ်းမျှ (၂၄၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လျှပ်စစ်မီးလိုအပ်ချက်ရဲ့ (၅၅%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#လျှပ်စစ်#ရေအားလျှပ်စစ်#ပြည်တွင်းသတင်း