Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေဗာကူဆင်မှာ အလွန်ဆို အောင်မြင်နေတာ ဒါကြောင့်များလား

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းဟာ ရာသီဝက်ချန်ပီယံအသင်းအဖြစ် အောင်ပွဲခံသွားခဲ့ပါပြီ။

ထူးခြားချက်တစ်ရပ်ကတော့ လေဗာကူဆင်ဟာ လက်ရှိဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ ၂၅ ပွဲဆက်တိုက် ရှုူံးပွဲမရှိ ဖြတ်သန်းထားနိုင်လို့ပါပဲ။

လေဗာကူဆင်ကို အခုလို စံချိန်မှတ်တမ်းကောင်းတွေ ရရှိအောင် ဦးဆောင်ပေးနေသူက နည်းပြ အလွန်ဆို ပဲ ဖြစ်ပါတယ်။

လေဗာကူဆင်ရဲ့ ပြိုင်ပွဲစုံ ၂၅ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တဲ့စံချိန်ဟာ ဂျာမန်ဘောလုံးလောကမှာ ပထမဆုံး ရေးထိုးလိုက်နိုင်တဲ့စံချိန်ပါပဲ။

အဲ့ဒီပွဲစဉ် ၂၅ ပွဲမှာ လေဗာကူဆင်က ၂၂ ပွဲ နိုင်၊ ၃ ပွဲ သရေကျပြီး ရှုံးပွဲ လုံးဝမရှိခဲ့ပါဘူး။ ၂၅ ပွဲမှာ လေဗာကူဆင်ဟာ ၈၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁၈ ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။ ဂိုးလုံးဝ မပေးခဲ့ရတဲ့ပွဲစဉ်က ၁၁ ပွဲ ရှိခဲ့ပါတယ်။

အလွန်ဆို ဟာ လေဗာကူဆင်ကို ဒီလိုလုပ်ပေးနိုင်တာက သူဖြတ်သန်းခွင့်ရခဲ့တဲ့နည်းပြတွေနဲ့ သက်ဆိုင်လေမလားလို့ တွေးဆချင်စရာပါ။

စပိန်လက်ရွေးစင်အသင်းမှာတုန်းက အလွန်ဆို ဟာ တကယ့်ဒိတ်ဒိတ်ကြဲဖြစ်တဲ့ နည်းပြ ဒဲလ်ဘော့စကေးနဲ့ လက်တွဲခွင့်ရခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ကစားတော့ အလွန်ဆိုကို ဦးဆောင်ခဲ့တဲ့နည်းပြက မော်ရင်ညိုပါ။ ဘိုင်ယန်မြူးနစ်မှာ ကစားတော့ အလွန်ဆိုနဲ့ လက်တွဲခဲ့တဲ့နည်းပြတွေက အန်စလော့တီနဲ့ ဂွါဒီယိုလာ တို့ ဖြစ်ပါတယ်။

အလွန်ဆို ဟာ ဒီလို ထူးချွန်ထက်မြက်တဲ့ အရည်အသွေးမြင့်နည်းပြကောင်းတစ်ယောက် ဖြစ်လာခဲ့တာက ဒီဆရာတွေဆီကနေ ပညာယူခွင့်ရခဲ့တာကြောင့် ဖြစ်နေလေမလား တွေးဆချင်စရာပါပဲ။