၂၀၂၅ခုနှစ်၊ဧပြီလ၊(၉)ရက်
လေဖိအားနည်းရပ်ဝန်းဟာ ဧပြီလ(၁၀)ရက်မှာအားလျော့သွားဖို့ရှိပြီး ဒေသအချို့မှာတော့မိုးထစ်ချုန်းရွာတာနဲ့အတူ မိုးတိမ်တောင် တွေဖြစ်ထွန်းနိုင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာဖို့ရှိတယ်လို့ဆိုပါတယ်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး၊ အဲဒီ့ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာဖို့ရှိတယ်လို့ သိရပါတယ်။
Photo -မိုး/ဇလ
#mercury#mercurynews#ပြည်တွင်းသတင်း#မိုးဇလ#မြန်မာ