——————————————
၂၀၂၄ခုနှစ်ဩဂုတ်လ(၂၁)ရက်
လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုံအားပြန်ကောင်းလာတဲ့အတွက် ရန်ကုန်အပါအဝင်နိုင်ငံတစ်ဝှမ်း မိုးပိုသည်းလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
အခုရက်ပိုင်းမှာစစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ်။
နောက်(၂)ရက်သြဂုတ်လ(၂၂)ရက်နဲ့(၂၃)ရက်အတွက်ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာမိုးပိုလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းဖို့ရှိပြီး မိုးတိမ်တောင်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မိုးသည်းထန်မှုကြောင့် ဧရာဝတီမြစ်၊ချင်းတွင်းမြစ်၊စစ်တောင်းမြစ်၊သံလွင်မြစ်စတဲ့ မြစ်ရေတွေလက်ရှိရေအမှတ်အထက် အနည်းဆုံး(၁)ပေမှ အများဆုံး (၃)ပေအထိတက်လာဖို့ရှိတယ်လို့ သိရပါတယ်။