Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လူသ..—တ်မှုနဲ့ ထွက်ပြေးနေတဲ့ တရားခံပြေးကို ၅ နှစ်ကျော်အကြာမှာ ဖမ်းမိ

လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလ ၂၀၁၈ ခုနှစ်ကတည်းက လူသ..–တ်မှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံတစ်ယောက်ကို ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြိုနယ်ရဲတပ်ဖွဲမှူးတို့ရဲ့ ကြီးကြပ်မှုနဲ့ ပြည်မြို့မရဲစခန်းက စခန်းမှူးပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့သူက ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မိုးလေဝသတောင်ကုန်းမှာနေထိုင်တဲ့ အသက် (၃၀) နှစ်အရွယ် သက်နိုင်ဦး ဆိုသူဖြစ်ပါတယ်။

သက်နိုင်ဦးဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/ကျင့် ၅၁၂ အမှုနဲ့ ၂၀၁၈ ကတည်းက ထွက်ပြေးနေတာလို့ ဆိုပါတယ်။

ဒီတရားခံပြေးဟာ ရပ်ကွက်ထဲကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့ရာမှာတော့ ဆင်စုရပ်ကွက်ထဲက သူ့ရဲ့အဘတော်စပ်သူ ဦးစံအေးရဲ့နေအိမ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။