“ကိုမင်းစိန်ကဆိုရင် သူ မဆုံးခင်လေးမှာ ထက်ရှားက သူ့ဘဝကို တော်တော်လေး ထောက်ပံ့ပေးခဲ့ပါတယ်လို့ ထုတ်ပြောသွားခဲ့ဖူးတယ်” – ထက်ရှား(သရုပ်ဆောင်)
——————–
“ကျွန်တော် ရုပ်ရှင်လောကကို ရပ်လိုက်ပြီးတော့ အပြင်စီးပွားရေးလုပ်တဲ့အချိန်မှာ ကျွန်တော် ပထမဦးဆုံး လက်လှမ်းမီခဲ့တဲ့ ကိုမင်းစိန်ကို ကျွန်တော် စပြီးတော့ ထောက်ပံ့ခဲ့တယ်။ ပြောရမယ်ဆိုရင် မထိတထိ တစ်သိန်းလောက် ထောက်ပံ့တာတို့ ဘာတို့ကို ကျွန်တော်က ဝါသနာ မပါဘူး။ ၁၀ သိန်းလောက် ထောက်ပံ့မလား၊ ဒါကလည်း စားလိုက်ရင် ကုန်သွားမှာပဲလေ။ သူ့ဘဝအတွက် Investment(ရင်းနှီးမြှုပ်နှံမှု)၊ သူ့ရဲ့နောက်က မိသားစုအတွက် အထောက်အပံ့ မဖြစ်တဲ့ဟာကို ကျွန်တော် အားမပေးဘူး။ ကိုမင်းစိန်ကို ဘာလိုချင်လဲမေးတော့ သူက ကားလိုချင်တယ်တဲ့။ ပဲခူးအခေါ် ကားပေါ့လေ။ ဆိုင်ကယ်နဲ့ နောက်ကအတွဲကို ခေါ်တာ။ အဲ့ဒါနဲ့ ကိုမင်းစိန်ကို ကျွန်တော် ဝယ်ပေးလိုက်တယ်။ သူ မဆုံးပါးခင်လေးမှာတော့ ပြောသွားခဲ့တယ်။ သူ့ဘဝအတွက် တော်တော်ကြီးကို ထက်ရှားလေးက ထောက်ပံ့ပေးခဲ့ပါတယ်လို့လေ။ ကျွန်တော်က အဲ့ဒီဂုဏ်ပုဒ်ကြီးကို၊ ကျွန်တော် ကူညီခဲ့ပါတယ်ဆိုတာကြီးကို မလိုချင်ဘူး။ ကျွန်တော် လှူလိုက်တဲ့ကိစ္စ၊ ကျွန်တော် ကူညီလိုက်တဲ့ကိစ္စသည် ကျွန်တော့်ကုသိုလ်တစ်ခု။ ဒါပေမဲ့ ဒီကုသိုလ်ကို မျှော်မှန်းတာလည်း မဟုတ်ဘူး။ ကိုယ်အားထုတ်နေတဲ့ ဝိပဿနာမဂ်ကုသိုလ်ကိုပဲ ကျွန်တော်က လိုချင်တာပါ” – ထက်ရှား(သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ထက်ရှား #HtetSharr #Actor #မင်းစိန် #MinnSein #လူကြမ်းသရုပ်ဆောင် #အထောက်အပံ့ #လှူဒါန်း #ကုသိုလ် #မိသားစု #Acting #Celebrity #Celebrities #Yangon #Myanmar