——————————–
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၅)ရက်
ပလုံကောက်တဲ့ လင်မယားနှစ်ဦးအနက် အမျိုးသမီးဖြစ်သူဟာ ရေမြောင်းထဲဆင်းကောက်စဉ် ဓာတ်လိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာဒုံမြို့နယ်ရှိပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
အမျိုးသမီးဓါတ်လိုက်နေသဖြင့်အမျိုးသားမှ ဆင်းကယ်ရာ အမျိုးသမီးလွတ်မြောက်သွားပြီး အမျိုးသားဖြစ်သူနေရာမှာတင်ဝမ်းဗိုက်ဓါတ်လိုက်ဒါဏ်ရာဖြင့်ကွယ်လွန်သွားပါတယ်။
ပုလဲအရန်မီးသတ်မှအင်းစိန်ဆေးရုံသို့ပို့ဆောင်ကူညီခဲ့ပြီး ကျန်ရစ်သူအမျိုးသမီးနှင့်ကလေးငယ်အား ကူညီထောက်ပံ့ငွေ (၂)သိန်း လှူဒါန်းကူညီခဲ့တယ်လို့ သိရပါတယ်။