၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊၂ရက်
စပိန်ဘောလုံးအသင်း ရီးရဲလ်မက်ဒရစ်ဟာ လီပါပူးလ်အသင်းရဲ့ ညာနောက်ခံလူ ထရန့်အလက်ဇန်းဒါး အာနိုးကို ခေါ်ယူနိုင်ဖို့ကြိုးစားနေတယ်လို့ နာမည်ကြီးသတင်းထောက် ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။
မနေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတင် ရီးရဲလ်မက်ဒရစ်ဘက်က အာနိုးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း၃၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လီပါပူးလ်ဘက်က ချက်ချင်းပယ်ချခဲ့တယ်လို့လည်း စပိန်သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။
ရာသီကုန်မှာ လီပါပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အာနိုးကို ရီးရဲလ်ဘက်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပြီး မအောင်မြင်ခဲ့ရင်တောင် ရာသီကုန်မှာ အလွတ်နဲ့ခေါ်နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။
လီပါပူးလ်ဘက်ကတော့ အာနိုးကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေပြီး ကစားသမားက အသင်းမှာဘဲ ဆက်ရှိနေဖို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။
#mercury#mercurynews#အားကစားသတင်း#trentalexanderarnold#Liverpool#realmadrid