ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိုင်ယွန်အသင်းတို့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်က ဟယ်ရီမက်ဂွိုင်းယားရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ပထမပိုင်းအပြီးမှာ ၂ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ လိုင်ယွန်အသင်းရဲ့ ချေပဂိုး၂ဂိုးကို ပြန်ခွင့်ပြုပေးခဲ့ရတာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုမှာလည်း လိုင်ယွန်အသင်းက နောက်ထပ်ဦးဆောင်ဂိုး၂ဂိုးကို သွင်းယူသွားတာကြောင့် အားလုံးက လိုင်ယွန်အနိုင်ရပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် မန်ချက်စတာယူနိုက်တက်က မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ၆မိနစ်အတွင်း ၃ဂိုးပြန်သွင်းခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ အမော်ရင်ကတော့ “ကျွန်တော် ယူရိုပါလိဂ်ကိုပဲ 100% အာရုံစိုက်ချင်ပါတယ်။ ပရီးမီးယားလိဂ်ကိုတော့ လူငယ်ကစားသမားလေးတွေအများစုနဲ့ စွန့်စားကြည့်မှာပါ”လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။