၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၂)ရက်
နောက်လာမယ့် (၄၈)နာရီအတွင်း ကချင်နဲ့စစ်ကိုင်း မှာမိုးကြီးမှာဖြစ်ပြီး ဒေသ(၅)ခုနေ့အပူတိုးနိုင်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး
ကချင်ပြည်နယ်မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။
နေ့အပူချိန်တွေတိုးလာပြီး ချောက်မြို့နဲ့ ကော့ကရိတ်မြို့တို့မှာ (၄၀.၄) ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် (၃၉.၆) ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့တွင် (၃၉.၅) ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် (၃၉.၂) ဒီဂရီဆဲလ်စီးယပ်၊ ဇောင်းတူမြို့၊ တောင်ငူမြို့၊ ညောင်လေးပင်မြို့နှင့် သာယာဝတီမြို့တို့တွင် (၃၉) ဒီဂရီဆဲလ်စီးယပ်စီနှင့် မကွေးမြို့တွင် (၃၈.၈) ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့ပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်တယ်လို့ မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲ မှာဖော်ပြထားပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို creditပေးပါသည်။
#mercury#mercurynews#မိုးလေဝသ#ပြည်တွင်းသတင်း