၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၉)ရက်
လာမယ့် (၂၄) နာရီအတွင်း ဒေသတော်တော်များများမှာ မိုးထစ်ချုန်းရွာခြင်း၊မိုးများခြင်းဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသမြန်မာရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာနေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်သလို
နေပြည်တော်၊ မန္တလေးတိုင်း အောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးများနိုင်တယ်လို့ သိရပါတယ်။
(၂၉-၄-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန် မိုးလေဝသဂြိုဟ်တုမှ ဖမ်းယူရရှိသည့်ပုံအရ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ကချင်ပြည်နယ် အောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး
နေပြည်တော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ် အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် အောက်ပိုင်းတို့မှာနေရာကျဲကျဲ၊
ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ ကရင်ပြည်နယ် အထက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းလျက်ရှိတယ်လို့ သိရပါတယ်။
#mercury#mercurynews#မိုးလေ၀သ#ပြည်တွင်းသတင်း