Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လာမည့်(၃)ရက်အတွင်းမုန်တိုင်းငယ်ကြောင့် မန္တလေးနှင့်ဒေသအချို့ မိုးအသင့်အတင့်သာရွာနိုင်

———————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၆)ရက်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်‌‌နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မန္တလေးနဲ့ဒေသအချို့မှာမိုး

အသင့်အတင့်သာရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ(၂၈)ရက်၊နိုဝင်ဘာလ(၂၉)ရက်၊နိုဝင်ဘာလ (၃၀)ရက်တို့မှာ အထက်ပိုင်း (ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည် နယ် မြောက်ပိုင်း)တွေမှာသာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းအားလုံးမှာတော့ မိုးရွာမယ်ဆိုရင်တောင်မှ မိုးဖွဲလောက်သာ ရွာနိုင်ပြီး

တချို့နေရာတွေ(ရန်ကုန်တိုင်း)မှာတော့ မိုးမရွာနိုင်ဘူးလို့တောင်တွေ့ရတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

သင်္ချာပုံစံပြုမော်ဒယ်တွေခန့်မှန်းချက်ကတော့ Deep Depression(မုန်တိုင်းငယ်)အဆင့်မှ Cyclonic Storm(ဆိုင်ကလုန်းမုန်တိုင်း)အဆင့် ရောက်လုနီးအထိ ရှိတယ်လို့ လဲ ဖေါ်ပြထားတာတွေ့ရပြီး ဆက်လက်စောင့်ကြည့်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။