————————————————————————————————
၂၀၂၅ခုနှစ်၊ဧပြီလ၊(၁၉)ရက်
လာမယ့်အပတ် ဧပြီလ (၁၉)ရက်မှ(၂၅)ရက်အထိ(၇)ရက်တာကာလအတွင်းရန်ကုန်ကမ်းရိုးတန်းအပါအဝင် ကန်းရိုးတန်းဒေသတွေမှာ
လေပြင်းတိုက်ဖို့နဲ့မိုးများနိုင်တဲ့ဒေသတွေလည်းရှိတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီဒေသအချို့မှာ အနောက်ဘက်မှလေပြင်း တနာရီ မိုင်၂၀ ခန့်တိုက်ခတ်နိုင်ပြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ ရန်ကုန်တောင်ပိုင်းကမ်းရိုးတန်းအနီးကဒေသအချို့မှာလဲ အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှ လေပြင်း တနာရီ ၁၅ မိုင်မှ မိုင်၂၀ ခန့်တိုက်ခတ်နိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ မကွေးတိုင်းမြောက်ပိုင်းဒေသအချို့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့မှာ မိုးအနည်းငယ်ရွာနိုင်ပါမယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသတွေမှာ နေ့အပူချိန်များ ၄၀°C ခန့်အထိ မြင့်တက်လာနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UV-INDEX)တွေသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီခန့်အထိ မြင့်တက်နေနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
#mercury#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသ