၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၇)ရက်
စိုစွတ်အေးမြတဲ့လာနီညာရာသီဥတုကို ဧပြီလအထိဆက်ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
လာနီညာဖြစ်နိုင်ခြေ(၅၉%)ရှိနေဦးမှာဖြစ်လို့
ဆောင်းကာလရှည်ကာမတ်လဆန်းထိအေးနိုင်မယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီမှ ဧပြီလအထိ အားပျော့တဲ့ “လာနီညာ”ဆက်ဖြစ်နေနိုင်မယ့်အခြေအနေ(၅၉)%ရှိနေပြီး မတ်လမှ မေလအတွင်း အယ်လ်နီညိုမဟုတ် လာနီညာမဟုတ်သော ပုံမှန်ရာသီဥတု(Neutral)ဖြစ်နိုင်မယ့်အခြေအနေ (၆၀)%ရှိကြောင်း NOAA – Climate Prediction Center – CPC မှ ဇန်နဝါရီ ၁၃ ရက်မှာ ထွက်ရှိလာတဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့ သိရပါတယ်။