“လရောင်က နဂါးဓာတ် အပြည့်အဝ ရှိတယ်၊ ၇ လပိုင်းနဲ့ ၈ လပိုင်းမှာ မယ်တော်တွေအတွက် မော်ဒယ်ထိုင်ပေးရမယ်၊ ကိုဗစ်မတိုင်ခင်က အိပ်လို့ ထလိုက်ချိန်မှာ လရောင်က ရုပ်နဲ့နာမ်နဲ့ ကွဲသွားဖူးတယ်” – ပန်းလရောင် (သရုပ်ဆောင်)
—————–
“လရောင်က နဂါးဓာတ် အပြည့်အဝရှိတယ်ဆိုပြီး သူ့ကို ထူးခြားမှုတွေပြလို့ ဒေးစွန်ပါတောင်က နဂါးထုတဲ့အစ်ကိုက အခု ၇ လပိုင်းနဲ့ ၈ လပိုင်းမှာ မယ်တော်တွေအတွက်ကို လရောင် မော်ဒယ်ထိုင်ပေးဖို့ ပြောထားတယ်။ လရောင် မော်ဒယ်ထိုင်ပေးရပါမယ်။ လရောင်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ မယ်တော်ရုပ်တွေကို ထုပါမယ်။ ဒါတွေက ထူးခြားမှုရှိမှ ဖြစ်တာပေါ့။ ညီမလေးကို အိပ်မက်ပေးထားလို့ ၉ ပေ နဂါးရုံ မိုလောင်းပေးထားမယ်၊ လရောင် ချက်ချင်း တည်လို့ ရအောင်လို့တဲ့ အဲ့အစ်ကိုက ပြောပါတယ်။ ၃ ရက်နဲ့အပြီး၊ ၉ ရက်နဲ့အပြီး အဲ့လို တည်လို့ရအောင် မိုလောင်းပေးထားမယ်တဲ့။ သိုက်ဆက်၊ ပဌာန်းဆက်ကြီးတယ်လို့ ကြော်ငြာစရာ မလိုပါဘူး။ ပုဂ္ဂိုလ်တွေ ရွေးချယ်တာပါ။ အဲ့အတွက် လရောင် အသက်ရှင်သမျှ လျှောက်လှမ်းနေမယ့်ခြေလှမ်းတွေက သာသနာပြု ခြေလှမ်းတွေပါ။ ကိုဗစ်ကာလ မတိုင်ခင်မှာ လရောင် ထူးခြားမှုတွေ ဖြစ်ခဲ့တယ်။ လရောင် အိပ်လို့ ထလိုက်တဲ့အချိန်မှာ လရောင် ရုပ်နဲ့နာမ်နဲ့ ကွဲသွားတယ်။ အရမ်း အံ့ဩသွားတာ။ နာမ်ကနေ ပြန်လှည့်ကြည့်လိုက်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးက ဇက်ကြီးစောင်းပြီး အိပ်ပျော်နေတာလေ” – ပန်းလရောင် (သရုပ်ဆောင်) #MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #PanLaYaing #ပန်းလရောင် #သရုပ်ဆောင် #သာသနာပြု #သိုက်ဆက် #ပဌာန်းဆက် #နဂါးဓာတ် #ဒေးစွန်ပါတောင် #Yangon #Myanmar