Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လမ်းဘေးကြောင်လေးတွေအတွက် မြောင်မေတ္တာစံအိမ် တည်ထောင်ပြီး ဘဝပေးဆပ်ထားသူ မနန္ဒာ

အမေက သဘောမတူတဲ့ကြားက မိတ်ကပ်ပညာရှင်ဖြစ်ချင်စိတ်ကို စွန့်လွှတ်ပြီး ကြောင်လေးတွေကို စောင့်ရှောက်တဲ့ မြောင်မေတ္တာစံအိမ်ကို တည်ထောင်ခဲ့သူ မနန္ဒာ
——————–
မနန္ဒာရဲ့မိခင်က သူ့သမီးလေးရဲ့ဘဝ တိုးတက်ဖို့ကို လိုလားခဲ့သူပါ။ မနန္ဒာဟာ တစ်ချိန်က မိတ်ကပ်ပညာရှင် အရမ်းပဲဖြစ်ချင်ခဲ့သူလို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေကို စွန့်လွှတ်ပြီး လေလွငု့်ကြောင်လေးတွေကို ပြုစုစောင့်ရှောက်ပေးကာ ကြောင်လေးတွေကိုဆီ သူမရဲ့ချစ်မေတ္တာကို ပေးအပ်လိုက်သူပါ။ သူမရဲ့ဘဝအသက် နောက်ဆုံးအချိန်ထိတိုင် ကြောင်လေးတွေကို ပြုစုစောင့်ရှောက်ရင်းနဲ့ ဘဝကို ဖြတ်သန်းသွားတော့မယ်လို့လည်း မနန္ဒာက ဆုံးဖြတ်ချက်ချမှတ်ထားလိုက်ပြီဖြစ်ပါတယ်။ အခုတော့ လမ်းဘေးကြောင်လေးတွေကို ကယ်ဆယ်စောင့်ရှောက်ရင်း မြောင်မေတ္တာစံအိမ်လေးကို မနန္ဒာက တည်ထောင်ထားလိုက်ပါပြီ။ ၂၀၁၆ ခုနှစ်ကတည်းက ကြောင်လေးတွေကို စောင့်ရှောက်ကယ်တင်ခဲ့တာဖြစ်ပေမယ့် မြောင်မေတ္တာစံအိမ်ကို တည်ထောင်ခဲ့တဲ့သက်တမ်းကတော့ ၂ နှစ်လောက်ပဲ ရှိပါသေးတယ်လို့ မနန္ဒာက ပြောပြပါတယ်။ မိခင်က သဘောမတူတဲ့ကြားကနေ မိတ်ကပ်ပညာရှင်ဖြစ်ချင်စိတ်ကို စွန့်လွှတ်ပြီး ကြောင်လေးတွေကို စောင့်ရှောက်တဲ့ မြောင်မေတ္တာစဲအိမ်ကို တည်ထောင်ခဲ့သူ မနန္ဒာရဲ့ဘဝဖြတ်သန်းမှုက စိတ်ဝင်စားစရာကောင်းလှတဲ့အတွက် Mercury Variety ပရိသတ်တွေကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #MaNandar #မနန္ဒာ #မြောင်မေတ္တာစံအိမ် #ပြုစုစောင့်ရှောက် #ဘဝဖြတ်သန်း #Yangon #Myanmar