Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လက် ၃ ချောင်းထောင်ပြီး စစ်ဆန့်ကျင်ရေးကဗျာရွတ်တဲ့ ကဗျာဆရာ ၂ ယောက် ထောင်ဒဏ် နှစ်ရှည်ကျသွား

မော်စကို၊ ဒီဇင်ဘာ ၂၈
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ လက်သုံးချောင်းထောင်ပြီး စစ်ဆန့်ကျင်ရေးကဗျာရွတ်တဲ့ ကဗျာဆရာ ၂ ယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီလို့ သိရှိရပါတယ်။

မော်စကိုတရားရုံးတစ်ခုဟာ ကဗျာဆရာ အတ်ယွမ်း ကာမာဒင်နဲ့ ယီဂေါ ရှတော့ဗ်ဗာ တို့ကို ရုရှားတပ်တွေကို ဆန့်ကျင်မှု၊ နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်မှုတွေနဲ့ အမှုစွဲဆိုကာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာလို့ ဆိုပါတယ်။

မော်စကိုတရားရုံးဟာ ကဗျာဆရာ အတ်ယွမ်း ကာမာဒင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး ကဗျာဆရာ ယီဂေါ ရှတော့ဗ်ဗာကိုတော့ ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။

ကဗျာရွတ်ဆိုမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ နောက်ထပ် ကဗျာဆရာတစ်ယောက်ဖြစ်သူ နီကိုလိုင် ဒါယန်ကို ကိုလည်း အခုနှစ်အစောပိုင်းက ရုရှားတရားရုံးတော်တစ်ခုကနေပြီး ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခဲ့ပါသေးတယ်။