၂၀၂၄၊နိုဝင်ဘာလ၊၁၈ရက်
မြန်မာအသင်းရဲ့ အားထားရတဲ့ကွင်းလယ်လူ လွင်မိုးအောင်ဟာ လက်ဘနွန်အသင်းနဲ့ ကစားမဲ့ခြေစမ်းပွဲမှာ ပြန်လည်ပါဝင်နိုင်တော့မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကထုတ်ပြန်လိုက်ပါတယ်။
ကွင်းလယ်လူလွင်မိုးအောင်ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် စင်ကာပူနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပေမဲ့ လက်ဘနွန်အသင်းနဲ့ကစားမဲ့ခြေစမ်းပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ လက်ဘနွန်အသင်းတို့ရဲ့ ခြေစမ်းပွဲကို နိုဝင်ဘာ ၁၉ ရက်၊ ညနေ ၅ နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမယ်လို့လည်း သိရပါတယ်။