Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှားပါး TV ဂိမ်းစက်တွေနဲ့ Figure အရုပ်တွေကို သိန်း ၆၀၀ ကျော်ဖိုး ဝယ်ယူစုစည်းထားသူ ကိုအောင်သူဟိန်း

ရှားပါး TV ဂိမ်းစက်တွေနဲ့ Figure အရုပ်တွေကို သိန်း ၆၀၀ ကျော်ဖိုး ဝယ်ယူစုစည်း သိမ်းဆည်းထားသူ ကိုအောင်သူဟိန်း
———————
ရှားပါး တီဗီဂီမ်းစက်လို့ ပြောရင် တီဗီဂိမ်းချစ်မြတ်နိုးတဲ့သူတွေသာ သိရှိနိုင်ပါလိမ့်မယ်။ ကိုအောင်သူဟိန်းကတော့ ဂိမ်းစက်တွေအပြင် ဂိမ်း Figure အရုပ်တွေကိုပါ ဝယ်ယူသိမ်းဆည်းခဲ့သူပါ။ ၁၀ နှစ်တာကာလအတွင်း ကိုအောင်သူဟိန်း ဝယ်ယူသိမ်းဆည်းခဲ့တဲ့ တီဗီဂိမ်းစက်တွေနဲ့ Figure အရုပ်တွေရဲ့တန်ကြေးက စုစုပေါင်း သိန်း ၆၀၀ ကျော်ဖိုးလောက် ရှိပါတယ်။ တီဗီဂိမ်းစက် ဆိုတဲ့နေရာမှာလည်း တကယ့်ကို ရှားပါးဂိမ်းစက်တွေကိုမှ ပြန်မရောင်းတော့ဘဲ ကိုအောင်သူဟိန်းက ဝယ်ယူသိမ်းဆည်းထားခဲ့တာပါ။ Super Nintendo လို ဂိမ်းစက်မျိုးဆိုရင် ဈေးကွက်ထဲမှာ ရှာမရနိုင်အောင်ကို ရှားပါးစာရင်းဝင်ဖြစ်လို့နေပါပြီ။ ဒီဂိမ်းစက်မျိုးကို ပိုင်ဆိုင်ထားသူ၊ ရှားပါးပစ္စည်းအဖြစ် အမြတ်တနိုး သိမ်းဆည်းထားသူ၊ တီဗီဂိမ်းစက်နဲ့ Figure အရုပ်တွေ ဝယ်ယူစုစည်းဖို့အတွက် ၁၀ နှစ်တာကာလအတွင်း သိန်း ၆၀၀ ကျော် အကုန်အကျခံခဲ့သူဆိုတာနဲ့တင် ကိုအောင်သူဟိန်းက ဘယ်လို Collector တစ်ယောက်ဖြစ်လေမလဲဆိုတာကို သဘောပေါက်နားလည်နိုင်ပါတယ်။ တီဗီဂိမ်းစက်တွေနဲ့ Figure တွေကို သိန်း ၆၀၀ ကျော်ဖိုး ဝယ်ယူစုစည်းခဲ့တဲ့ ကိုအောင်သူဟိန်းရဲ့အကြောင်းက စိတ်ဝင်စားစရာကောင်းတာမို့ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryCollector‘sLife #MercuryExclusiveInterview #MercuryLifeProgram #AungThuHeinn #အောင်သူဟိန်း #TVGames #Figure #တီဗီဂိမ်း #သိန်း၆၀၀ကျော် #Over600Lakhs #ရှားပါးဂိမ်းစက် #ဂိမ်းစက် #SuperMintendo #Nintendo #XBox #Games #Yangon #Myanmar