Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှားပါး အရိုးရောဂါ ဝေဒနာခံစားနေရသူ ကိုစိုးလင်းအောင်ကို စောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် သုံးဆယ်

လူတစ်သောင်းမှာ တစ်ယောက်ပဲဖြစ်လေ့ရှိတဲ့ ရှားပါး အရိုးရောဂါ ဝေဒနာခံစားနေရသူ တစ်ကောင်ကြွက် ကိုစိုးလင်းအောင်ကို စောင့်ရှောက်ပေးနေသူ သရုပ်ဆောင် သုံးဆယ်
——————-
“ကိုစိုးလင်းအောင်ရဲ့ဘဝလေးက တကယ့်ကို သနားဖို့ကောင်းတယ်။ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်ဘဝလေးနဲ့ သူနေထိုင်နေရတဲ့အချိန်မှာ ဘယ်သူ့ကို ဘယ်လို အားကိုးလို့ အားကိုးရမှန်းမသိ သူဖြစ်နေတာပေါ့။ ထမင်းစားရင်တောင် ဘယ်လိုစားလို့ စားရမှန်းမသိတဲ့ဘဝမျိုး သူ(ကိုစိုးလင်းအောင်)က ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် ၁၀ ရက်လောက်၊ ၁၅ ရက်လောက် သူ ထမင်းငတ်ခဲ့တာလေးတွေ ရှိတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်က သူ့ကို စေတနာမေတ္တာ မပျက်ဘဲ ကျွန်တော် တတ်နိုင်သလောက် ကျွန်တော် ဆောင်ရွက်ပေးနေတာပါ။ ထမင်း၊ ဟင်းကနေစပြီး ကျွန်တော် ဆောင်ရွက်ပေးတယ်။ အခု သူနေတဲ့နေရာလေးမှာလည်း ကျောက်တွေ သယ်တယ်၊ သဲတွေ ခင်းတယ်၊ အမိုးအကာလေးတွေ လုပ်ပေးတယ်။ ကျွန်တော့်ရဲ့လက်နဲ့ ကျွန်တော် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတယ်” – သုံးဆယ်(သရုပ်ဆောင်) MercuryVariety
#MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStoryInterview #LifeStory #သုံးဆယ် #သရုပ်ဆောင် #Acting #Actor #SoeLinnAung #ရှားပါးအရိုးရောဂါ #ဘဝစောင့်ရှောက်မှု #စိုးလင်းအောင် #ThoneSal #Yangon #Myanmare