Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှာရွတ်ခန်းရဲ့ DUNKI ရုပ်ရှင်ကားဟာ ပရိသတ်ကို မျက်ရည်ပိုးပိုးပေါက်ပေါက်ကျစေပြီး သမိုင်းဝင်တဲ့ဇာတ်ကား ဖြစ်လာလိမ့်မယ်

ဒီဇင်ဘာလ ၂၁ ရက်နေ့ကိုရောက်ရင် ရုံတင်တော့မယ့် ရှာရွတ်ခန်းရဲ့ DUNKI ရုပ်ရှင်ကားဟာ အိန္ဒိယရုပ်ရှင်လောကရဲ့သမိုင်းဝင်ဇာတ်ကားဖြစ်လာလိမ့်မယ်လို့ ရုပ်ရှင်ဝေဖန်ရေးသမားတွေက ကြိုတင်ထုတ်ဖော် အသိပေးလိုက်ပါတယ်။

သရုပ်ဆောင် ရှာရွတ်ခန်းရဲ့အကောင်းဆုံး သရုပ်ဆောင်ထားမှုကို မြင်တွေ့ရမှာဖြစ်တဲ့အပြင် အိန္ဒိယရုပ်ရှင်လောကမှာ ဒီဇာတ်ကား ဖန်တီးထားမှုမျိုးက တစ်ခါမှ မရှိသေးဘူးလို့ ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ရေးသားနေကြပါတယ်။

ဇာတ်လမ်းရဲ့ပထမပိုင်းမှာ DUNKI က လန်ဒန်ကို သွားရောက်တဲ့ခရီးနှင်မှုကို တင်ဆက်ပြသထားပြီး ဇာတ်လမ်း၊ ဟာသ၊ အချစ်၊ ရင်ခုန်ခံစားမှုနဲ့ ခင်မင်ရင်းနှီးမှု သစ္စာတရားတွေကို ကြည့်ရှုခံစားရလိမ့်မယ်လို့ အသိပေးထားပါတယ်။

ဇာတ်လမ်းရဲ့ဒုတိယပိုင်းမှာတော့ လေးနက်တဲ့ခံစားမှုတွေက ပရိသတ်ကို မျက်ရည်ပိုးပိုးပေါက်ပေါက် ကျစေတဲ့အထိ ခံစားသွားရဖို့ ရှိစေပြီး အဲ့ဒီအပိုင်းအခြားကို ဘယ်ပရိုမိုးရှင်းဗီဒီယိုမှာမှ ထုတ်ဖော်ပြသထားတာ မရှိသေးဘူးလို့ သိရှိရပါတယ်။

ရုပ်ရှင်ဝေဖန်ရေးဆရာတွေကတော့ DUNKI ဟာ ရှာရွတ်ခန်းအတွက်ရော ဒါရိုက်တာ ရတ်ဂျ်ကူမာဟီရာနီ အတွက်ပါ အအောင်မြင်ဆုံးနဲ့ သမိုင်းဝင်တဲ့ဇာတ်ကားဖြစ်သွားလိမ့်မယ်လို့ ကြိုတင်မှတ်ချက်ပေးနေကြပြီဖြစ်ပါတယ်။