“ရွှေကီးက အန္တရာယ်လိုဖြစ်လာရင်တောင် သူ့အတွက် စောက သူနဲ့အတူ နေထိုင်ဖို့ နောက်နေရာတွေ စီစဉ်ထားပြီးသား၊ ရွှေကီးနဲ့ယှဉ်ပြီး တစ်ခုခုကို ရွေးရမယ်ဆိုရင်တောင် စောရဲ့သား ရွှေကီးကိုပဲ ရွေးမှာ” – မစောပြည့်စံ (ရွှေကီးမေမေ)
—————–
“ရွှေကီးလေးက တစ်ရက်ရက် အန္တရာယ်လိုဖြစ်လာခဲ့ရင်ဆိုတာအတွက် စောတို့ အကုန်ပြင်ဆင်ထားတယ်။ စော တစ်ယောက်တည်း မဟုတ်ဘူးနော်။ သူ့ကြီးတော်က စော ထက် ပိုပြင်ဆင်ထားတယ်။ သူ့ကြီးကြီးက သတ္တိကောင်းတယ်။ တကယ်အန္တရာယ်ကြုံလာရင် ခံလိုက်မယ်၊ ရွှေကီး(ကလေး)နာကျင်မယ့်အလုပ် ငါ လုံးဝ မလုပ်ဘူးတဲ့။ အဲ့တော့ အမေနေရာမှာရှိတဲ့ ကိုယ်က ပိုအားရှိတာပေါ့။ စောအတွက် ရွှေကီးနဲ့ တစ်ခုခုနဲ့ နှိုင်းယှဉ်ပြီး ရွေးရတာမျိုးဖြစ်လာခဲ့ရင်လည်း ဥပမာ – စောက ကံတွေအရမ်းကောင်းပြီး နိုင်ငံခြားမှာ နေထိုင်ခွင့်ရတာတို့၊ ပိုက်ဆံတွေ ဘယ်လောက်နဲ့ ဘယ်မြို့ကိုသွားပြီး နေထိုင်ရမှာတို့ ရှိလာခဲ့ရင်လည်း စော မလုပ်ဘူး။ အဲ့ဒီ ပိုက်ဆံတွေက စောရဲ့ဘဝ မဟုတ်ဘူး။ စောရဲ့သား(ရွှေကီး)ကိုပဲ စော ရွေးချယ်မှာ။ စောရဲ့သား(ရွှေကီး)ကို ဘယ်သူနဲ့မှ မလဲနိုင်သလို စောရဲ့သားကို စော လက်လွတ်မခံဘူး။ ရွှေကီးလေးက တစ်ရက်ရက် အန္တရာယ်လိုဖြစ်လာခဲ့ရင်၊ ပြေးစရာဖြစ်လာခဲ့ရင် သူ့ကို ကျောပိုးအိတ်ကြီးထဲကို စောကိုယ်တိုင် ထည့်ထမ်းပြီး နောက်တစ်နေရာ ရွှေ့မှာ။ နောက်တစ်ရာက ဘယ်နေရာလဲဆိုတော့ စောမှာ Second Plan(ဒုတိယအစီအမံ)၊ Third Plan(တတိယအစီအမံ)တွေနဲ့ နေရာတွေ စောမှာ ရှိပြီးသားပါ။ စော မသေမချင်း လက်မလျှော့ဘဲနဲ့ စောရဲ့သား(ရွှေကီး)ကို ကာကွယ်ပြီး ဖွက်(ဝှက်)သွားမှာ” – မစောပြည့်စံ (ရွှေကီးမေမေ)
#MercuryVariety #MV #MercuryExclusiveInterview #MercuryPetProgram #MaSawPyaeSan #မစောပြည့်စံ #ရွှေကီးမေမေ #ShweKey #ရွှေကီး #ကချင် #မိုးညှင်း #ဘုရားပေးတဲ့လက်ဆောင် #သားသမီးအစစ် #ပြုစုစောင့်ရှောက် #Yangon #Myanmar