Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွေးကောက်ပွဲရှုံးပြီးနောက် ကာမလာ ဟဲရစ် မိန့်ခွန်း ထွက်ပြော

၂၀၂၄၊နိုဝင်ဘာလ၊၇ရက်

အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့တဲ့ ကာမလာ ဟဲရစ်က ရွေးကောက်ပွဲမှာ ရှုံးသွားတာကိုအတည်ပြုတဲ့ မိန့်ခွန်းကို ထွက်ပြောသွားပါတယ်။

ကာမလာဟဲရစ်က ရွေးကောက်ပွဲမှာ ရှုံးခဲ့ပေမဲ့ မဲဆွယ်မှုကို အရှိန်အဟုန်မြင့်စေခဲ့တဲ့ အရေးကိစ္စတွေကို အရှုံးမပေးဘဲ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ရွေးကောက်ပွဲရလဒ်ကိုလည်းလက်ခံကြောင်း၊အမေရိကန်ကို ကိုယ်စားပြုတဲ့ လွတ်လပ်မှု၊ အခွင့်အလမ်း၊ မျှတမှု အတွက်လည်း ဆက်ပြီး တိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။

ကမလာဟဲရစ်ရဲ့ လူထုကိုပြောတဲ့ မိန့်ခွန်းကို သူ ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်း တင် ဝေါ့ဇ်လည်း ဟဲရစ်ရဲ့ မိသားစုနဲ့အတူ လူအုပ်ကြားထဲ တက်ရောက် အားပေး နားထောင်ခဲ့ပါတယ်။

Close menu